သတိပေးချက်

ခရီးသည်၏ ခရီးစဉ်တွင် နောက်ဆုံးသွားရောက်မည့်နေရာဒေသပါဝင်ခဲ့ပါက (သို့မဟုတ်) ထွက်ခွာရာနိုင်ငံမှ လွဲ၍ အခြားနိုင်ငံတစ်ခုတွင်ရပ်နားခဲ့ပါက ဝါဆောသတောတူစာချုပ်နှင့် အကျုံးဝင်သက်ဆိုင်မည်ဖြစ်သည်။ ယေဘူ ယျအားဖြင့် သဘောတူစာချုပ်သည် အသက်ဆုံးရှုံးရမှု (သို့မဟုတ်) လူပုဂ္ဂိုလ်ဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ခရီးဆောင်အိတ်ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးမှုများနှင့်စပ်လျဉ်း၍ သယ်ယူပို့ဆောင်သူလေကြောင်းလိုင်း၏ တာ ဝန်ကို ကန့်သတ်ပြဌါန်းပေးသည်။ “တာဝန်ရှိမှုအပေါ်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာခရီးသည်များ သို့ အကြံပြုချက်” နှင့် “ခရီးဆောင်အိတ်များဆိုင်ရာတာဝန်ခံမှုအပေါ် ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ သတိပေးချက်” ခေါင်းစဉ်များဖြင့် သတိပေးချက်များကိုလည်း ဖတ်ရှုပါ။

သတိပေးချက်

ခရီးသည်၏ ခရီးစဉ်တွင် နောက်ဆုံးသွားရောက်မည့်နေရာဒေသပါဝင်ခဲ့ပါက (သို့မဟုတ်) ထွက်ခွာရာနိုင်ငံမှ လွဲ၍ အခြားနိုင်ငံတစ်ခုတွင်ရပ်နားခဲ့ပါက ဝါဆောသတောတူစာချုပ်နှင့် အကျုံးဝင်သက်ဆိုင်မည်ဖြစ်သည်။ ယေဘူ ယျအားဖြင့် သဘောတူစာချုပ်သည် အသက်ဆုံးရှုံးရမှု (သို့မဟုတ်) လူပုဂ္ဂိုလ်ဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ခရီးဆောင်အိတ်ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးမှုများနှင့်စပ်လျဉ်း၍ သယ်ယူပို့ဆောင်သူလေကြောင်းလိုင်း၏ တာ ဝန်ကို ကန့်သတ်ပြဌါန်းပေးသည်။ “တာဝန်ရှိမှုအပေါ်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာခရီးသည်များ သို့ အကြံပြုချက်” နှင့် “ခရီးဆောင်အိတ်များဆိုင်ရာတာဝန်ခံမှုအပေါ် ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ သတိပေးချက်” ခေါင်းစဉ်များဖြင့် သတိပေးချက်များကိုလည်း ဖတ်ရှုပါ။

သဘောတူစာချုပ် (ကန်ထရိုက်) ၏ သတ်မှတ်ချက်များ

၁။  ဤကန်ထရိုက်စာချုပ်တွင် အသုံးပြုထားသည့်အတိုင်း လက်မှတ် (Ticket) ဆိုသည်မှာ ဤခရီးသည်လက် မှတ်နှင့် ခရီးဆောင်အိတ်အပ်နှံမှုကို ဆိုလိုသည်။ အဆိုပါလက်မှတ်တွင်ပါရှိသော သတ်မှတ်ချက်များနှင့် သတိ ပေးချက်များတွင် ဖော်ပြထားသည့် ခရီးသည်နှင့်ခရီးဆောင်အိတ်ပို့ဆောင်မှု (carriage) မှာ သယ်ယူပို့ဆောင်မှု (transportation) နှင့် အဓိပ္ပာယ်တူညီပြီး သယ်ဆောင်သူ (carrier) ဆိုသည်မှာ ဤစာချုပ်ပါသတ်မှတ်ပြဌါန်းချက် များအရ ခရီးသည် (သို့မဟုတ်) ၎င်း၏ခရီးဆောင်အိတ်/ ပစ္စည်းကို သယ်ယူပို့ဆောင်ပေးသူ လေကြောင်းလိုင်းအား လုံး (သို့မဟုတ်) ခရီးသည်နှင့် လေကြောင်းကုန်စည်ပို့ဆောင်မှုကို အဆွယ်အပွားအဖြစ်ဆောင်ရွက်သည့် အခြား မည်သည့်ဝန်ဆောင်မှုလုပ်ငန်းကိုမဆို ခေါ်ဆိုခြင်းဖြစ်သည်။ ဝါဆောသဘောတူစာချုပ်ဆိုသည်မှာ ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးနှင့် ဆက်နွယ်သော တစ်စုတစ်စည်းတည်းပေါင်းစည်းထားသည့် စည်းမျဉ်းစည်းကမ်းများဆိုင် ရာ နိုင်ငံတကာသဘောတူညီချက် (သို့မဟုတ်) ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် နယ်သာလန်နိုင်ငံ၊ သဟိတ် မြို့၌ ဖြည့်စွက်ပြင်ဆင်ခဲ့သည့်သဘောတူညီချက်တို့မှ အကျုံးဝင်သည့်သက်ဆိုင်ရာ သဘောတူစာချုပ်ကို ဆိုလို သည်။

၂။  အောက်တွင်ဖော်ပြပါ ခရီးသည်သယ်ယူပို့ဆောင်မှုတစ်ခုသည် ဝါဆောသဘောတူညီချက်အရ သတ်မှတ်ပြ ဌါန်းထားသည့်အတိုင်း နိုင်ငံတကာခရီးသည်ပို့ဆောင်မှုမဟုတ်စေကာမူ အဆိုပါခရီးသည်ပို့ဆောင်မှုကို ဝါဆော သဘောတူညီချက်အရ ထုတ်ပြန်ထားသော တာဝန်ရှိမှုဆိုင်ရာစည်းမျဉ်းများ၊ ဥပဒေများ၊ ကန့်သတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၃။  လေကြောင်းလိုင်းတစ်ခုချင်းစီမှ ဆောင်ရွက်ပေးခဲ့သည့် ဖော်ပြပါခရီးသည်ပို့ဆောင်မှုနှင့် အခြားဝန်ဆောင် မှုများနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက (အမေရိကန်ပြည်ထောင်စု (သို့မဟုတ်) ကနေဒါနိုင် ငံအတွင်းရှိ နေရာတစ်နေရာမှ ယင်းတို့၏ပြင်ပအခွန်စည်းကြပ်ကောက်ခံမှုကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံရှိ နေရာတစ် နေရာတို့အကြား သယ်ယူပို့ဆောင်မှုမှအပ) -

(၁) ဤလက်မှတ်တွင်ထည့်သွင်းဖော်ပြထားသော ပြဌါန်းချက်များ၊

(၂) သက်ဆိုင်ရာပျံသန်းမှုခရီးလမ်းကြောင်း

(၃) လေကြောင်းလိုင်းများ၏ ခရီးသည်ပို့ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များ၊ ၎င်းတို့နှင့်စပ်လျဉ်း၍ ရေးဆွဲထားသော ဆက်နွယ်နေသည့်စည်းမျဉ်းများ (လေကြောင်းလိုင်းရုံးများရှိ app များ၌ ရရှိနိုင်သည်)

ပေါ်တွင် မူတည်ဆောင်ရွက်သည်။

၄။  လေကြောင်းလိုင်း၏အမည်ကို လေယာဉ်လက်မှတ်တွင်အတိုကောက်စာလုံးဖြင့် ဖော်ပြထားမည်ဖြစ်သည်။ လေကြောင်းလိုင်း၏ အမည်အပြည့်အစုံနှင့် အတိုကောက်စာလုံးကို လေကြောင်းလိုင်း၏ ကန်ထရိုက်စာချုပ် (လေ ကြောင်းလိုင်းနှင့် ခရီးသည်အကြားစာချုပ်)၊ ခရီးသည်ပို့ဆောင်မှုသတ်မှတ်ချက်များ၊ စည်းမျဉ်းများ (သို့မဟုတ်) အချိန်စာရင်းများတွင် ဖော်ပြထားမည်ဖြစ်သည်။ လေကြောင်းလိုင်း၏လိပ်စာသည် ထွက်ခွာရာလေဆိပ်ဖြစ်သင့်ပြီး လေယာဉ်လက်မှတ်တွင် လေကြောင်းလိုင်းအမည်၏ ပထမဆုံးအတိုကောက်စာလုံးနှင့် တွဲလျက်ဖော်ပြထားသင့် သည်။ အတည်ပြုထားသည့်ကြားရပ်နားနေရာများ အဆိုပါနေရာများကို ဤလက်မှတ်တွင်ဖော်ပြထားသည် (သို့မ ဟုတ်) ခရီးသည်၏ခရီးလမ်းကြောင်းတွင် ရပ်နားရန်စီစဉ်ထားသကဲ့သို့ လေကြောင်းလိုင်း၏အချိန်စာရင်းတွင် ဖော် ပြထားသည့်အတိုင်းဖြစ်သည်။ ဤလက်မှတ်ပါသတ်မှတ်ချက်များအရ ချိတ်ဆက်လက်လွှဲဆောင်ရွက်ခဲ့သော လေကြောင်းလိုင်းအသီးသီး၏ သယ်ယူပို့ဆောင်မှုကို တစ်ခုတည်းသောလုပ်ငန်းဆောင်ရွက်မှုတစ်ရပ်အဖြစ် မှတ်ယူ သည်။

၅။  အခြားလေကြောင်းလိုင်းတစ်ခု၏ လမ်းကြောင်းများတွင် ခရီးသည်ပို့ဆောင်မှုအတွက် လက်မှတ်ထုတ်ပေး သည့် လေကြောင်းလိုင်းတစ်ခုသည် ထိုသို့ဆောင်ရွက်ခြင်းမှာ အဆိုပါလေကြောင်းလိုင်း၏အေးဂျင့် (ကိုယ်စား လှယ်) အဖြစ်သာ ဆောင်ရွက်ခြင်းဖြစ်သည်။

၆။  လေကြောင်းလိုင်း၏တာဝန်ရှိမှုအပေါ်ကန့်သတ်ခြင်း (သို့မဟုတ်) ချန်လှပ်ခြင်း တစ်စုံတစ်ရာသည် လေ ကြောင်းလိုင်း၏အေးဂျင့်များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် လေကြောင်းလိုင်းမှ သယ်ယူပို့ဆောင်ရေးအ တွက် အသုံးပြုခဲ့သောလေယာဉ်ပိုင်ဆိုင်သည့် မည်သည့်ပုဂ္ဂိုလ်မဆိုနှင့် ၎င်း၏အေးဂျင့်များ၊ ဝန်ထမ်းများနှင့် ကိုယ် စားလှယ်များ၏ အကျိုးခံစားမှုအတွက်သာ ကျင့်သုံးဆောင်ရွက်ရမည်။

၇။   အပ်နှံမည့်ခရီးဆောင်အိတ်ကို ခရီးဆောင်အိတ်လက်ခံမည့်ဝန်ထမ်းသို့ လွှဲပြောင်းပေးရမည်။ နိုင်ငံတကာ သယ်ယူပို့ဆောင်မှုတွင် ပို့ဆောင်သည့်ခရီးဆောင်အိတ်များ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါက ထိခိုက်ပျက်စီးမှုကို တွေ့ရှိပြီးနောက်ချက်ချင်း လေကြောင်းလိုင်းသို့ စာဖြင့်တိုင်ကြားမှုပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးပစ္စည်းလက်ခံ ရရှိပြီး ၇ ရက်အတွင်း တိုင်ကြားရမည်။ နှောင့်နှေးကြန့်ကြာသည့်တိုင်ကြားမှုဖြစ်ပါက ခရီးဆောင်အိတ်ကို ပို့ဆောင် ပေးခဲ့သည့် ရက်စွဲမှ ၂၁ ရက်အတွင်း တိုင်ကြားရမည်ဖြစ်သည်။ နိုင်ငံတကာမဟုတ်သော သယ်ယူပို့ဆောင်မှုများနှင့် စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်မှုဆိုင်ရာကန့်သတ်ချက်များ (သို့မဟုတ်) လေကြောင်းလိုင်းနှင့် ခရီးသည်များအကြား ကန်ထရိုက်စာချုပ်များကို လေ့လာပါ။

၈။   ဤလက်မှတ်သည် လက်မှတ်တွင်ဖော်ပြထားသော ပြဌါန်းချက်များ၊ လေကြောင်းလိုင်း၏ ကန်ထရိုက်စာ ချုပ်များပါ ခရီးသည်ပို့ဆောင်မှုဆိုင်ရာကန့်သတ်ချက်များ (သို့မဟုတ်) ဆက်စပ်နေသည့် ပြဌါန်းချက်များတွင် ဖော်ပြထားချက်များမှအပ လက်မှတ်ထုတ်ပေးသည့်ရက်မှ တစ်နှစ်အထိ ခရီးသည်ပို့ဆောင်မှုအတွက် အသုံးပြုနိုင် သည်။ ဤလက်မှတ်ပါ ပြဌါန်းချက်များအရ ခရီးသည်ပို့ဆောင်မှုအတွက် ကျသင့်တန်ဖိုး (လေယာဉ်ခ) သည် ခရီးသည်ပို့ဆောင်မှုမစတင်မီ ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်။ ကျသင့်သည့်ပို့ဆောင်ခကို ပေးချေခြင်းမပြု လုပ်ရသေးပါက လေကြောင်းအနေဖြင့် သယ်ယူပို့ဆောင်ခြင်းမပြုရန် ငြင်းပယ်နိုင်သည်။

၉။  လေကြောင်းလိုင်းသည် ခရီးသည်နှင့် ခရီးဆောင်အိတ်/ ပစ္စည်းများအား သတ်မှတ်ထားသည့်ရက်များ အတိုင်း သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် အကောင်းဆုံးစွမ်းဆောင်ပေးရန် တာဝန်ယူသည်။ အချိန်စာရင်းများ (သို့မဟုတ်) အခြားနေရာတစ်နေရာရာတွင်ဖော်ပြထားသည့် အချိန်များကို အာမခံခြင်းမပြုသည့်ပြင် စာချုပ်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ပါဝင်ခြင်းမရှိပါ။ လေကြောင်းလိုင်းသည် သင့်လျော်ရာလေကြောင်း လိုင်းများ (သို့မဟုတ်) လေယာဉ်ကို ကြိုတင်အသိပေးထုတ်ပြန်ခြင်းမပြုပဲ အစားထိုးဆောင်ရွက်နိုင်မည်ဖြစ်ပြီး မလွဲမရှောင်သာလိုအပ်ပါက လက်မှတ်ပေါ်တွင်ဖော်ပြထားသော ကြားရပ်နားနေရာများကို ပြောင်းလဲ (သို့မဟုတ်) ချန်လှပ်ပြေးဆွဲမည်ဖြစ်သည်။ ခရီးစဉ်အချိန်ဇယားများကို ကြိုတင်ထုတ်ပြန်ခြင်းမပြုပဲ ပြင်ဆင်ပြောင်းလဲနိုင်သည်။ လေကြောင်းလိုင်းသည် ခရီးစဉ်ချိတ်ဆက်မှုဆောင်ရွက်ခြင်းအတွက် တာဝန်မခံပေ။

၁၀။     ခရီးသည်များသည် အစိုးရ၏ခရီးသွားလာမှုဆိုင်ရာလိုအပ်ချက်များကို လိုက်နာကြရမည်။ အထွက်၊ အဝင် နှင့် အခြားလိုအပ်သည့်အထောက်အထားများကို တင်ပြကြရမည်။ လေကြောင်းလိုင်းမှ သတ်မှတ်ပေးထားသည့် အချိန် (သို့မဟုတ်) အချိန်သတ်မှတ်ပေးထားခြင်းမရှိပါက ထွက်ခွာမှုဆိုင်ရာလုပ်ငန်းစဉ်များ ပြီးစီးရန်လုံလောက် သည့်အချိန်ရရှိရန် စောစီးစွာ လေဆိပ်သို့ ရောက်ရှိကြရမည်။

၁၁။  လေကြောင်းလိုင်း၏ မည်သည့်အေးဂျင့်၊ ဝန်ထမ်း (သို့မဟုတ်) ကိုယ်စားလှယ်တွင်မှ ဤစာချုပ် ပါ မည်သည့်ပြဌါန်းချက်ကိုမျှ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း (သို့မဟုတ်) လျှော့ပေါ့ပေးခြင်းပြုလုပ်ရန် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့် မရှိစေရ။

တာဝန်ရှိမှုအပေါ်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာခရီးသည်များသို့ အကြံပြုချက်

ခရီးဆုံးသွားရောက်မည့်နေရာ (သို့မဟုတ်) မူလထွက်ခွာရာနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်နိုင်ငံတွင် ရပ်နားမှုပါဝင်နေသော ခရီးသွားလာမှုတစ်ရပ်မှ ခရီးသည်များအား အကြံပြုအသိပေးလိုသည်မှာ မူရင်းနိုင်ငံ (သို့မ ဟုတ်) သွားရောက်မည့်နိုင်ငံအတွင်းမှ ခရီးစဉ်အစိတ်အပိုင်း (တစ်ခုလုံး) အပါအဝင်ခရီးစဉ်တစ်ရပ်လုံးသည် ဝါဆော သဘောတူညီချက်ဟု အများသိရှိကြသည့် သဘောတူစာချုပ်တစ်ရပ်၏ ပြဌါန်းချက်များနှင့် အကျုံးဝင်သက်ဆိုင် မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသို့သွားရောက်မည့် (သို့မဟုတ်) အမေရိကန်ပြည်ထောင်စုမှထွက်ခွာမည့် (သို့မဟုတ်) အမေရိကန်ပြည်ထောင်စုအတွင်း (သဘောတူပြီး) ရပ်နားမည့်နေရာတစ်ခုပါဝင်သည့် ခရီးသွားလာမှု တစ်ခုမှ ခရီးသည်များအတွက် ဝါဆောသဘောတူစာချုပ်နှင့် ခရီးသည်ပို့ဆောင်မှုဆိုင်ရာ အထူးကန်ထရိုက်စာချုပ် များအရ ယေဘူယျအားဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ထက် ကျော်လွန်မှုမရှိစေရန် ကန့်သတ်ထားသည်။ သက်ဆိုင်ရာလေကြောင်းလိုင်းနှင့် ခရီးသည်အကြားချုပ်ဆိုထား သည့် ကန်ထရိုက်စာချုပ်များတွင် ဖော်ပြပါရှိသော အထူးကန်ထရိုက်စာချုပ်များ၌ အဖွဲ့များ (လေကြောင်းလိုင်းနှင့် ခရီးသည်) ၏ တာဝန်နှင့်ပိုင်ခွင့်များ (အသက်ဆုံးရှုံးမှု (သို့မဟုတ်) ပုဂ္ဂိုလ်ဆိုင်ရာထိခိုက်ဒဏ်ရာရရှိမှုစသည်) ကို သတ်မှတ်ပြဌါန်းထားသည်။ သို့ရာတွင် အထက်ဖော်ပြပါ ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် ကန့်သတ်ချက်သည် လေကြောင်းလိုင်းဘက်မှ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်သည့် ဆုံးရှုံးမှုနှင့် သက်ဆိုင်ခြင်းမရှိစေရပေ။ ထိုသို့သော အထူးကန်ထရိုက်စာချုပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် လေကြောင်းလိုင်းတစ်လိုင်းဖြင့် ခရီးသွားလာသည့် ခရီးသည်များ (သို့မဟုတ်) အမေရိကန်ပြည်ထောင်စုသို့သွားရောက်ခြင်းမပြုမည့်/ အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာခြင်းမဟုတ်သည့် (သို့မဟုတ်) အမေရိကန်ပြည်ထောင်စုအတွင်း (သဘောတူညီထားပြီး) ရပ်နားမည့်နေရာ မပါရှိသည့် ခရီးသွားလာမှုတစ်ရပ်မှ ခရီးသည်များအတွက် အသက်ဆုံးရှုံးမှု (သို့မဟုတ်) လူပုဂ္ဂိုလ်ဆိုင်ရာထိခိုက် ဒဏ်ရာရမှုနှင့်စပ်လျဉ်း၍ လေကြောင်းလိုင်း၏တာဝန်ရှိမှုကို ယေဘူယျအားဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ခန့် ကန့်သတ်ထားရှိသည်။

အထူးကန်ထရိုက်စာချုပ်များတွင်ပါဝင်သည့် လေကြောင်းလိုင်းများ၏ အမည်များကို အဆိုပါလေကြောင်း လိုင်းများ၏ လက်မှတ်အရောင်းဌာနများအားလုံးတွင် ရရှိနိုင်ပြီး မေတ္တာရပ်ခံစုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

ထပ်ဆောင်းကာကွယ်ပေးမှုကိုများသောအားဖြင့် ပုဂ္ဂလိကကုမ္မဏီတစ်ခုမှ အာမခံဝယ်ယူခြင်းဖြင့် ရရှိနိုင် မည်ဖြစ်သည်။ အဆိုပါထပ်မံဝယ်ယူသည့်အာမခံသည် ဝါဆောသဘောတူညီချက် (သို့မဟုတ်) ခရီးသည်ပို့ဆောင်မှု ဆိုင်ရာ အထူးကန်ထရိုက်စာချုပ်များအရ လေကြောင်းလိုင်း၏ တာဝန်ရှိမှုအပေါ် ကန့်သတ်ထားသည့် မည်သည့်ကန့် သတ်ချက်နှင့်မျှ သက်ဆိုင်မည်မဟုတ်ပေ။ ပိုမိုသိရှိနိုင်ရန် လေကြောင်းလိုင်း (သို့မဟုတ်) အာမခံကုမ္မဏီကိုယ်စား လှယ်နှင့် တိုင်ပင်ဆွေးနွေးလိုက်ပါ။

မှတ်ချက်။ အထက်ဖော်ပြပါ တာဝန်ရှိမှုအပေါ်ကန့်သတ်ထားချက် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ သည် ကုန်ကျနိုင် ဖွယ်ရှိသော တရားရုံးစရိတ်များအပါအဝင်ဖြစ်သည်။ အကယ်၍နစ်နာကြေးတောင်းဆိုမှုသည် တရားရုံးသို့ရောက်ရှိ ခဲ့ပါက တရားရုံးများတွင် တရားရုံးစရိတ်ကို သီးသန့်သတ်မှတ်ပြဌါန်းထားပြီး တရားရုံးစရိတ်များမပါ လေကြောင်း လိုင်း၏ တာဝန်ရှိမှုအပေါ် ကန့်သတ်ချက်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၅၈,၀၀၀ ခန့်ရှိမည်ဖြစ်သည်။

 

ခရီးဆောင်အိတ်များဆိုင်ရာတာဝန်ခံမှုအပေါ် ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ သတိပေးချက်

ခရီးဆောင်အိတ်များအား တန်ဖိုးရှိကြောင်းကြိုတင်ကြေညာထားပြီး ကျသင့်ထပ်ဆောင်းကောက်ခံငွေကို ပေးဆောင်ထားခြင်းမရှိပါက ခရီးဆောင်အိတ်များ၏ ပျက်စီးမှု၊ ပျောက်ဆုံးမှုနှင့် နှောင့်နှေးကြန့်ကြာမှုများအတွက် တာဝန်ရှိမှုကို ကန့်သတ်ထားသည့်အတိုင်းဖြစ်သည်။  နိုင်ငံတကာခရီးသွားလာမှုအများစုတွင် (နိုင်ငံတကာခရီးသွား လာမှုများ၏ ပြည်တွင်းအစိတ်အပိုင်းများအပါအဝင်) လေကြောင်းလိုင်း၏တာဝန်ရှိမှုအပေါ် ကန့်သတ်ချက်သည် ခန့်မှန်းခြေအားဖြင့် အပ်နှံပစ္စည်းများအတွက် အလေးချိန် ၁ ပေါင်လျှင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၇ နှုန်း (တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၀) နှင့် အပ်နှံခြင်းမရှိသော (လက်ဆွဲ) ပစ္စည်းများအတွက် ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀ နှုန်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအတွင်း တစ်နေရာမှ တစ်နေရာသို့သွားလာသည့် ပြည်တွင်းခရီးစဉ်များတွင် ပြည်ထောင်စုဥပဒေသတ်မှတ်ချက်များအရ လေကြောင်း လိုင်းတစ်ခု၏ ခရီးဆောင်အိတ် / ပစ္စည်းများအပေါ် တာဝန်ရှိမှုအတွက် မည်သည့်ကန့်သတ်ချက်မဆို ခရီးသည် တစ်ဦးလျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁,၂၅၀ ရှိရမည်ဖြစ်သည်။ အချို့သောပစ္စည်းအမျိုးအစားများပေါ်တွင် အပိုတန်ဖိုးဖြတ်မှုကို တရားဝင်ကြေညာထားမည်ဖြစ်သည်။ အချို့လေကြောင်းလိုင်းများသည် ကွဲအက်လွယ်သော၊ တန်ဖိုးကြီးသော (သို့မဟုတ်) ပုတ်သိုးပျက်စီးလွယ်သော ပစ္စည်းများအတွက် တာဝန်ခံမှုမပြုကြပေ။ ထပ်မံသိရှိ လိုသောအချက်အလက်များကို သက်ဆိုင်ရာလေကြောင်းလိုင်းမှ ရရှိနိုင်မည်ဖြစ်သည်။

လေယာဉ်လက်မှတ်သက်တမ်း (တရားဝင်မှု)

အချို့သောလေယာဉ်လက်မှတ်ခနှုန်းထားများ (အများအားဖြင့် လေ့လာရေးခရီး၊ ခရီးသည်အုပ်စုနှင့် ခရီး သွားအော်ပရေတာနှုန်းထားစသည့် လျှော့ဈေးနှုန်းထားများ) သည် လေယာဉ်လက်မှတ်များ၏ တရားဝင်မှု (သက် တမ်း)၊ ခရီးသွားရက်များ (သို့မဟုတ်) ဆန္ဒအလျောက်ခရီးစဉ်ပြင်ဆင်မှုများကို ကန့်သတ်ထားသည်။ သံသယဖြစ်ပေါ် ပါက Booking ဌာနနှင့် ချိတ်ဆက်စစ်မေးပါ။

လက်မှတ်ပြင်ဆင်ပြောင်းလဲမှုများ

ခရီးစဉ်ပယ်ဖျက်ခြင်းနှင့် ခရီးသွားရက်ပြောင်းလဲခြင်းများကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအထိ ခွင့် ပြုပေးထားသည်။ ခရီးသည်များအနေဖြင့် E-ticket ပေါ်တွင် ဖော်ပြထားသည့် ပြောင်းလဲခ (ပြင်ဆင်မှုအတွက်ဝန် ဆောင်ခ) ကို ပေးရမည့်အပြင် လေယာဉ်လက်မှတ်ခများ (လက်ရှိနှုန်းထားနှင့် ပြောင်းလဲမည့်လက်မှတ်ခနှုန်းထား) အကြား ခြားနားငွေကိုပါ ထပ်ဆောင်းပေးသွင်းရမည်ဖြစ်သည်။ လက်ရှိလေယာဉ်လက်မှတ်ခနှုန်းထားနှင့် ပြင်ဆင် မည့်နှုန်းထားတို့အကြား ကွာခြားမှုမရှိတူညီနေမည်ဟု တာဝန်မယူပေ။ ခရီးစဉ်တိုင်းအတွက် လေယာဉ်လက်မှတ်လဲ လှယ်ခြင်းကို ခွင့်ပြုသည်။ ခရီးသည်တိုင်းအားကျသင့်ဝန်ဆောင်စရိတ်များကို ကောက်ခံသွားမည်ဖြစ်သည်။ လေ ယာဉ်လက်မှတ်များသည် အခြားသူသို့လွှဲပြောင်းနိုင်ခွင့် မရှိသည့်ပြင် အခြားလေကြောင်းလိုင်းသို့လည်း လွှဲပြောင်း လိုက်ပါနိုင်ခွင့် မရှိပေ။ ထို့ပြင်လေယာဉ်လက်မှတ်များအား အောက်ဖော်ပြပါစည်းမျဉ်းနှင့် သတ်မှတ်ချက်များ (အဆို ပါစည်းမျဉ်းနှင့်သတ်မှတ်ချက်များသည်လည်း ပြောင်းလဲနိုင်သည်) နှင့်အညီ ဆောင်ရွက်သည်။

ပြန်အမ်းငွေလျှောက်ထားခြင်း

ပြန်အမ်းငွေလျှောက်ထားခြင်းကို လက်မှတ်သက်တမ်း (တရားဝင်မှု) ရှိစဉ်ကာလအတွင်း လျှောက်ထားသင့် သည်။ Air KBZ အနေဖြင့် လက်မှတ်သက်တမ်းကုန်ဆုံးပြီးနောက် ၄၅ ရက်ထက်ကျော်လွန်ပြီး လျှောက်ထားလာမှု များကို ပြန်အမ်းငွေထုတ်ပေးရန် ငြင်းဆန်ပိုင်ခွင့်ရှိသည်။ သက်တမ်းကုန်ဆုံးပြီးသည့်လက်မှတ်များသည် တန်ဖိုးမရှိ တော့သည့်အပြင် ပြန်အမ်းငွေထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း (သို့မဟုတ်) ပြင်ဆင်ပြောင်းလဲခြင်းများ ဆောင်ရွက်နိုင် ခြင်းမရှိတော့ပေ။ ခရီးသည်များအားလုံးသည် ပြန်အမ်းငွေအတွက် နိုင်ငံသားစိစစ်ရေးကဒ် (သို့မဟုတ်) နိုင်ငံကူး လက်မှတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်တင်ပြကြရမည်။

လေယာဉ်တက်ရန်စာရင်းပေးသွင်းချိန်များ

ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် လေယာဉ်တက်ရန်စာရင်းပေးသွင်းသည့် check-in ကောင်တာ များကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီကြိုတင်၍ ဖွင့်လှစ်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၃၀ မိနစ် ကြိုတင်၍ check-in ကောင်တာများ ပိတ်မည်ဖြစ်သည်။ နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် လေယာဉ် ထွက်ခွာချိန်မတိုင်မီ ၃ နာရီ ကြိုတင်၍ check-in ကောင်တာများ ဖွင့်လှစ်ပေးပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၄၅ မိနစ် ကြိုတင်၍ check-in ကောင်တာများ ပိတ်မည်ဖြစ်သည်။

ခရီးဆောင်အိတ်အခမဲ့သယ်ဆောင်ခွင့်

အရွယ်ရောက်ပြီးသူနှင့် ကလေး (လေယာဉ်ခထက်ဝက်နှုန်းပေးထားသူ) ခရီးသည်များအတွက် ခရီးသည် တစ်ဦးလျှင် ခရီးဆောင်အိတ် ၂၀ ကီလိုဂရမ် ခွင့်ပြုသည်။ ရင်ခွင်ပိုက်ကလေးများအတွက် တစ်ဦးလျှင် ၁၀ ကီလိုဂ ရမ် ခွင့်ပြုသည်။

လက်ဆွဲခရီးဆောင်အိတ်ခွင့်ပြုချက်

ကန့်သတ်မှု ခရီးသည်တစ်ဦးလျှင် လက်ဆွဲခရီးဆောင်အိတ် ၁ ခု
အရွယ်အစားကန့်သတ်ချက် ၂၂ လက်မ x ၁၅ လက်မ x ၈ လက်မ (အလျား + အနံ + အမြင့် = ၄၅ လက်မ)
အလေးချိန်ကန့်သတ်ချက် အများဆုံး ၅ ကီလိုဂရမ်

အချိန်မီလာရောက်ရန်ပျက်ကွက်မှုသတိပေးချက်

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် အချိန်မီလာရောက်ရန်ပျက်ကွက်မှု (ခရီးစဉ်ဖျက်သိမ်းခြင်းမပြုပဲ သတ်မှတ်ချိန်ကျော်လွန်သည်အထိ သတင်းမပို့ခြင်း)၊ အချိန်မီရောက်ရှိသော်လည်း သတ်မှတ်ထားသည့်အထောက် အထားစာရွက်စာတမ်းများ မပြည့်စုံသဖြင့် လေယာဉ်တက်ခွင့်မရခြင်းအတွက် အမေရိကန်ဒေါ်လာ ၁၀ နှင့် နိုင်ငံတ ကာခရီးစဉ်များတွင် အချိန်မီလာရောက်ရန် ပျက်ကွက်မှုများအတွက် အမေရိကန်ဒေါ်လာ ၃၀ ကောက်ခံမည်ဖြစ် သည်။ ထိုသို့ကောက်ခံခြင်းမှ ရှောင်ကျဉ်နိုင်ရေးအတွက် သင့်အနေဖြင့် သင့်ခရီးအစီအစဉ်ကို ပြောင်းလဲမည်ဆိုပါက ကြိုတင်စာရင်းပေးသွင်းထားမှုကို ပယ်ဖျက်ရန်မေတ္တာရပ်ခံအပ်ပါသည်။

ခရီးသည်များက အခြားလေကြောင်းလိုင်းများသို့/ မှ ချိတ်ဆက်ခြင်း

Air KBZ လေကြောင်းလိုင်း (သို့မဟုတ်) ခရီးသည်များကချိတ်ဆက်ထားသည့် (မှ/ သို့) လေကြောင်းလိုင်း/ လေကြောင်းလိုင်းများ၏ မည်သည့်နှောင့်နှေးကြန့်ကြာမှု၊ အချိန်ဇယားပြင်ဆင်မှု၊ ခရီးစဉ်ပယ်ဖျက်မှုတို့ကြောင့် မည်သည့်လွဲချော်သွားခဲ့သောချိတ်ဆက်မှုများအတွက်ကိုမဆို Air KBZ Ltd အနေဖြင့် တာဝန်မရှိသည့်ပြင် တာဝန် ယူမည်မဟုတ်ကြောင်း Air KBZ လေကြောင်းလိုင်းနှင့် လိုက်ပါစီးနင်းနေကြခရီးသည်များအား အသိပေးအပ်ပါ သည်။ ထို့ပြင် Air KBZ Ltd သည် အခြားလေကြောင်းလိုင်းများနှင့် (သို့/ မှ) ချိတ်ဆက်ထားသော ခရီးသည်များအား မည်သည့်အခြားသင့်လျော်ရာ စီစဉ်ပေးမှုများ (သို့မဟုတ်) အခြားလေကြောင်းခရီးစဉ်နောက်တစ်ခုတွင် ပြန်လည်စာ ရင်းပေးသွင်းခြင်း၊ ဟိုတယ်တည်းခိုမှု၊ အစားအသောက်နှင့် မြို့တွင်းသယ်ယူပို့ဆောင်မှု စီစဉ်ပေးခြင်းစသည့် နစ်နာမှု အစားထိုးဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးရန်တာဝန်မရှိကြောင်း Air KBZ ၏ ခရီးသည်များအား ထပ်မံအသိပေး အပ်ပါသည်။

အီလက်ထရွန်နစ်လက်မှတ်တွင် မှားယွင်းမှုများနှင့်ဖော်ပြမထားမှုများ

အီလက်ထရွန်နစ်လက်မှတ် (E-Ticket) များ လက်ခံရရှိချိန်တွင် ခရီးသည်များအနေဖြင့် ခရီးသည်/ ခရီး သည်များ၏အမည်။ စီးနင်းမည့်ခရီးစဉ်/ ခရီးစဉ်များ၊ လေကြောင်းခရီးစဉ်အမှတ်နှင့်ရက်စွဲ၊ ဝန်ဆောင်မှုအဆင့်နှင့် ဆက်သွယ်ရမည့်လိပ်စာအပြည့်အစုံစသည့် E-Ticket ပေါ်တွင် ဖော်ပြထားသည့် အသေးစိတ်အချက်အလက်များ မှန်ကန်တိကျမှုရှိ၊ မရှိ အတည်ပြုစစ်ဆေးရမည်ဖြစ်သည်။ အီလက်ထရွန်နစ်လက်မှတ် (E-Ticket) များ ထုတ်ပေးပြီး နောက်မှ တွေ့ရှိရသည့် မည်သည့်အမှားအယွင်း (သို့မဟုတ်) ဖော်ပြရန်ကျန်နေခဲ့ခြင်းတို့အတွက် Air KBZ Ltd အနေဖြင့် တာဝန်မရှိသည့်ပြင် တာဝန်ယူမည်မဟုတ်ကြောင်း ခရီးသည်များအား အသိပေးအပ်ပါသည်။