ခရီးသည်အုပ်စုလိုက် လေယာဉ်လက်မှတ်/ နေရာကြိုတင်ဝယ်ယူ/ တောင်းခံခြင်း (Booking) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစတင်၍ နောက်ထပ်အသိပေးထုတ်ပြန်ကြေညာခြင်း မပြုသည်အထိ အတည်ဖြစ်သည်)

အဓိပ္ပာယ်ဖွင့်ဆိုချက်၁။ Air KBZ တွင် ခရီးသည်အုပ်စုတစ်စုဆိုသည်မှာ ခရီးစဉ်အစိတ်အပိုင်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုမိုသော ခရီးစဉ်အစိတ်အပိုင်းများ၌ အတူတကွခရီးသွားရောက်ကြသည့် ခရီးသည် ၁၀ ဦး (သို့မဟုတ်) ၁၀ ဦးထက် ပိုမိုသော ခရီးသည်အဖွဲ့တစ်ဖွဲ့ကို ဆိုလိုသည်။

၂။ အုပ်စုလေယာဉ်လက်မှတ်ခအခြေခံစံနှုန်းမှာ GV 10 နှင့် GV 15 ကို ရည်ညွှန်းသည်။
GV10 အနည်းဆုံး ခရီးသည် ၁၀ ဦး
GV15 အနည်းဆုံး ခရီးသည် ၁၅ ဦး

ခရီးသည်အုပ်စုလိုက် လေယာဉ်လက်မှတ်/ နေရာကြိုတင်ဝယ်ယူ/ တောင်းခံခြင်း (Booking) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစတင်၍ နောက်ထပ်အသိပေးထုတ်ပြန်ကြေညာခြင်း မပြုသည်အထိ အတည်ဖြစ်သည်)

အဓိပ္ပာယ်ဖွင့်ဆိုချက်၁။ Air KBZ တွင် ခရီးသည်အုပ်စုတစ်စုဆိုသည်မှာ ခရီးစဉ်အစိတ်အပိုင်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုမိုသော ခရီးစဉ်အစိတ်အပိုင်းများ၌ အတူတကွခရီးသွားရောက်ကြသည့် ခရီးသည် ၁၀ ဦး (သို့မဟုတ်) ၁၀ ဦးထက် ပိုမိုသော ခရီးသည်အဖွဲ့တစ်ဖွဲ့ကို ဆိုလိုသည်။

၂။ အုပ်စုလေယာဉ်လက်မှတ်ခအခြေခံစံနှုန်းမှာ GV 10 နှင့် GV 15 ကို ရည်ညွှန်းသည်။
GV10 အနည်းဆုံး ခရီးသည် ၁၀ ဦး
GV15 အနည်းဆုံး ခရီးသည် ၁၅ ဦး

(၁) အမည်

ခရီးသည်အုပ်စုအမည်မှာ အတူတကွခရီးသွားကြသည့် ခရီးသည်များအား ခွဲခြားသိရှိနိုင်ရန် ရည်ရွယ်လျက် ခရီးသည်အုပ်စုတိုင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို သတ်မှတ်ပေးထားသည့် သီးသန့်အမည်တစ်ခုဖြစ်သည်။ သတ် မှတ်ပေးသည့်အမည်ကို လက်ခံရရှိပါက (မမေ့မပျောက်စေရန်) မှတ်တမ်းတင်မှတ်သားထားရှိရမည်ဖြစ်ပြီး ကြိုတင် စာရင်းပေးသွင်းသည့် Reservation ဌာနမှ ခွင့်ပြုချက်မရရှိပဲ အမည်ကို ပြင်ဆင်၊ မွမ်းမံ၊ ပြောင်းလဲခြင်းမပြုရ။

ခရီးသည်တစ်ဦးချင်းစီ၏အမည်များ ရရှိလာသည့်အခါ Booking ဌာနမှ ရရှိသည့်အမည်များအားလုံးကို စာရင်းသွင်းရမည်။ အဖွဲ့ဝင်အချို့၏အမည်များကိုသာရရှိသည့်အခါ ရရှိသည့်အမည်များကို စာရင်းသွင်းရမည်။ ကျန်ရှိသည့် အဖွဲ့ဝင်ခရီးသည်များ၏ အမည်များကို Reservation ဌာနမှ သတ်မှတ်ထားသည့် အချိန်ကန့်သတ်ချက် မကုန်ဆုံးမီ ဆောလျင်နိုင်သမျှ ဆောလျင်စွာ အသိပေးအကြောင်းကြားရမည်။ သတ်မှတ်ချိန်ကုန်ဆုံးသည်အထိ အမည်များ အကြောင်းကြားလာခြင်းမရှိပါက ထိုင်ခုံနေရာများ ပယ်ဖျက်ခံရမည်ဖြစ်သည်။

ခရီးသည်အုပ်စုအတွက် အတည်ပြုချက်သည် လေကြောင်းခရီးစဉ်တစ်ခုချင်းစီအလိုက်၊ လေယာဉ်ခနှုန်း အဆင့်အတန်းနှင့် ထိုင်ခုံနေရာရရှိနိုင်မှုတို့အပေါ် ကြိုတင်ခန့်မှန်းချက်အရ မူတည်ဆောင်ရွက်ခြင်းဖြစ်သည်။

(၂) လေယာဉ်ခ

ခရီးသည်အုပ်စုတစ်စုအတွက် ကြိုတင်စာရင်းပေးသွင်းမှု Reservation request ပြုလုပ်လာသည့်အခါ Booking ဌာနမှ လက်မှတ်ခအခြေခံနှုန်းနှင့် လက်မှတ်ထုတ်ပေးမည့် code နံပါတ်ကို အသိပေးမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်မှုအပေါ် တန်ဖိုးဖြတ်ချင့်တွက်ရာတွင် လွယ်ကူချောမွေ့စေနိုင်မည်ဖြစ်သည်။ 

 (၂.၁) Booking မူဝါဒနှင့် အချိန်ကန့်သတ်ချက်များ

အချို့သောလေကြောင်းခရီးစဉ်များပေါ်တွင် ခရီးသည်အုပ်စု၏ အရွယ်အစားပမာဏအရနှင့် နေရာဆုံးရှုံးမှု အနည်းငယ်မျှမရှိစေရေးအတွက် Air KBZ အနေဖြင့် နေရာကိုထိန်းချုပ်ထားနိုင်ရေးအလို့ငှါ Booking လုပ်ထုံးလုပ် နည်းများကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်သည်။ စရံငွေပေးသွင်းပြီးနောက် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရန် အချိန်ကန့်သတ်ချက်များကို အောက်ပါအတိုင်းသတ်မှတ်မည်ဖြစ်သည် -

စဉ် အုပ်စုအရွယ်အစား လေယာဉ်လက်မှတ်ခ အခြေခံစံနှုန်း အချိန်ကန့်သတ်ချက်
၁။ လူဦးရေ ၁၀ မှ ၁၄ အထိ (ကလေးနှင့် အရွယ်ရောက်ပြီးသူ နှစ်မျိုးလုံး)  GV 10 ထွက်ခွာမည့်ရက်မတိုင်မီ ၂၁ ရက်
၂။ လူဦးရေ ၁၅ နှင့် အထက် (ကလေးနှင့် အရွယ်ရောက်ပြီးသူ နှစ်မျိုးလုံး)  GV 15 ထွက်ခွာမည့်ရက်မတိုင်မီ ၂၁ ရက်

(၃) စရံငွေ

(၃.၁) စရံငွေကို အုပ်စုအရွယ်အစားနှင့် လက်မှတ်ခအခြေခံနှုန်းထားများနှင့်အညီ ကောက်ခံမည်ဖြစ်သည်။

စဉ် အုပ်စုအရွယ်အစား လေယာဉ်လက်မှတ်ခ အခြေခံစံနှုန်း စရံငွေ မှတ်ချက်
၁။ လူဦးရေ ၁၀ မှ ၁၄ အထိ (ကလေးနှင့် အရွယ်ရောက်ပြီးသူ နှစ်မျိုးလုံး)  GV 10 ၁၀ ရာခိုင်နှုန်း ကျသင့်ငွေစုစုပေါင်းအပေါ်တွင်
၂။ လူဦးရေ ၁၅ နှင့် အထက် (ကလေးနှင့် အရွယ်ရောက်ပြီးသူ နှစ်မျိုးလုံး)  GV 15 ၂၀ ရာခိုင်နှုန်း ကျသင့်ငွေစုစုပေါင်းအပေါ်တွင်

(၃.၂) မိုးရာသီ (မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ) ကာလတွင် ခရီးထွက်ရန် Booking ပြုလုပ်ခြင်းအတွက် ထွက်ခွာရက်မတိုင်မီ ၁ လ ကြိုတင်၍ စရံငွေများကောက်ခံမည်ဖြစ်သည်။
ခရီးသွားပွင့်လင်းရာသီ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) ကာလတွင် ခရီးထွက်ရန် Booking ပြုလုပ်ခြင်းအတွက် ထွက်ခွာရက်မတိုင်မီ ၂ လ ကြိုတင်၍ စရံငွေများကောက်ခံမည်ဖြစ် သည်။

(၃.၃) ခရီးသွားအေးဂျင့်များမှ ပြုလုပ်ထားသည့် Booking များကို ပယ်ဖျက်ခြင်းပြုလုပ်ပါက စရံငွေပြန်လည် ထုတ်ပေးမည်မဟုတ်ပါ။

(၄) အခြားစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

စဉ် အကြောင်းအရာ  GV 10 GV 15 
၁။ FOC (အခမဲ့) FOC မရပါ ၁၅ + ၁ FOC
၂။ အမည်ပြောင်းe အမေရိကန်ဒေါ်လာ ၂၅
၃။ ပြန်အမ်းငွေ အခြေခံလက်မှတ်ခအပေါ် ၅၀ ရာခိုင်နှုန်း ဖြတ်တောက်သည်
၄။ No Show Fee (ခရီးစဉ်ပယ်ဖျက်ခြင်းမပြုပဲ လေယာဉ်ဖြင့်လိုက်ပါရန် အသင့်မဖြစ်ခြင်း/ အချိန်မီရောက်ရှိမှုမရှိခြင်း) အမေရိကန်ဒေါ်လာ ၁၀
၅။ ခရီးစဉ်ပယ်ဖျက်ခ ၁၀ ရာခိုင်နှုန်း