လေယာဉ်ပေါ်တွင်လိုက်နာရမည့်စည်းမျဉ်းများ

သင်၏ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် - သင့်ရှေ့ထိုင်ခုံအိတ်ထဲမှ အန္တရာယ်ကင်းရှင်းရေးကဒ်ပြားကို ကျေးဇူး ပြု၍ ဖတ်ရှုလေ့လာပြီး သင့်အနီးအနားရှိ အနီးဆုံးအရေးပေါ်ထွက်ပေါက်များကို ရှာထားပါ။ လေယာဉ်မြေပြင်မှ တက်ချိန်နှင့် ဆင်းချိန်အတောအတွင်းနှင့် ထိုင်ခုံတွင်ထိုင်နေစဉ်တစ်ချိန်လုံး သင့်ထိုင်ခုံခါးပတ်ကို သေချာမြဲမြံစွာပတ် ထားကြောင်း သေချာပါစေ။ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရီးသည်များအနေဖြင့် လေယာဉ်ကြမ်းခင်း ပေါ်တွင် အိပ်စက်ခြင်းနှင့် လေယာဉ်ပျံသန်းနေစဉ် မလိုအပ်ပဲလမ်းလျှောက်ခြင်းများမှ ရှောင်ကြဉ်ကြရန် မေတ္တာရပ် ခံအပ်ပါသည်။ အိပ်စက်နေသည့်ခရီးသည်များအနေဖြင့် ၎င်းတို့၏ထိုင်ခုံခါးပတ်များကို မြဲမြံစွာချုပ်ထိန်းထားခြင်း မရှိပါက မျှော်လင့်မထားသည့်လေယာဉ်လှုပ်ယမ်းမှုများအတွင်း ထိခိုက်ဒဏ်ရာရရှိနိုင်ပါမည်။ လေယာဉ်ဆင်းသက် ပြီးနောက် လေယာဉ်လုံးဝရပ်နားသွားပြီး ထိုင်ခုံခါးပတ်များတပ်ဆင်ထားပါဟူသောအချက်ပြမှု ပိတ်လိုက်သည်အ ထိ ထိုင်ခုံခါးပတ်များကိုတပ်ဆင်လျက် ထိုင်ခုံများတွင် ဆက်လက်ထိုင်နေကြရန် ကျေးဇူးပြု၍ မေတ္တာရပ်ခံပါသည်။

အီလက်ထရွန်နစ်ပစ္စည်းကိရိယာများ

၁။ သင့်လုံခြုံရေးအတွက် လေယာဉ်ပေါ်တွင် အချိန်ပြည့်တားမြစ်ထားသောကိရိယာများ - ရေဒီယိုအသံလွှင့်စက် များ၊ ဝေါကီတော်ကီလမ်းလျှောက်စကားပြောစက်များ၊ ခရီးဆောင်အဝေးထိန်းကစားစရာများ၊ ရေဒီယိုရုပ်မြင်သံ ကြားဖမ်းစက်များ၊ ရေဒီယိုလေလှိုင်းသုံးဆက်သွယ်ရေးစက်များ၊ ပေဂျာများ၊ အီလက်ထရွန်နစ်ကစားစရာများနှင့် မောက်စ်၊ ဘလူးတုသ်စသည့် ကြိုးမဲ့ကိရိယာများစသော ခရီးဆောင်အီလက်ထရွန်နစ်ပစ္စည်းကိရိယာများကို လေ ယာဉ်တံခါးပိတ်သည်နှင့် ခလုတ်ပိတ်ထားရမည်ဖြစ်ပြီး လေကြောင်းခရီးစဉ်တစ်လျှောက်လုံး လေယာဉ်ပေါ်တွင် သုံးစွဲခြင်း မပြုသင့်ပေ။

၂။ လေယာဉ်ပျံသန်းနေစဉ် လေယာဉ်ပေါ်၌အသုံးပြုနိုင်သည့်ပစ္စည်းကိရိယာများ - ခရီးဆောင်ဗွီဒီယိုကိရိယာများ၊ ပရင်တာမပါသည့်လက်တော့ (သို့မဟုတ်) ခရီးဆောင် PCs၊ နားကြပ်ဖြင့်သာအသုံးပြုသည့် ကတ်ဆတ်တိပ်ခွေ၊ CD၊ VCD၊ mini disc နှင့် mp3 player၊ အီလက်ထရွန်နစ်ဂိမ်းများ၊ အီလက်ထရွန်နစ်ဂဏန်းပေါင်းစက်များနှင့် အီလက်ထ ရွန်နစ်မုတ်ဆိတ်ရိတ်စက်စသည်တို့အပါအဝင် ရေဒီယိုအချက်ပြထုတ်လွှတ်မှုမရှိသည့် ပစ္စည်းကိရိယာများကို လေ ယာဉ်မြေပြင်မှတက်ပြီးနောက် ၁၅ မိနစ်မှ မြေပြင်သို့ဆင်းသက်ခြင်းမပြုမီ ထိုင်ခုံခါးပတ်တပ်ဆင်ရန် အချက်ပြလာ သည်အထိ အချိန်အတွင်းသာ အသုံးပြုရမည်ဖြစ်သည်။ Flight mode ထားနိုင်သော မိုဘိုင်းဖုန်းများနှင့် ခရီးဆောင် ဒီဂျစ်တယ်အထောက်အကူပြုကိရိယာများ (PDAs) ကို Flight mode တွင်ထားရှိပြီး အထက်ဖော်ပြပါ လေယာဉ် ပျံသန်းချိန် အပိုင်းအခြားကာလအတွင်း အသုံးပြုနိုင်သည်။

သို့ရာတွင် မည်သည့်ခရီးဆောင်ကိရိယာအသုံးပြုမှုမဆို လေယာဉ်ပျံသန်းမှုကို အနှောက်အယှက်ဖြစ်သည်ဟု သံသယဖြစ်ပေါ်ပါက တားမြစ်ခံရမည်ဖြစ်သည်။

၃။ လေယာဉ်ပျံသန်းမှုတစ်လျောက်လုံး လေယာဉ်ပေါ်တွင်အသုံးပြုနိုင်သည့်ပစ္စည်းကိရိယာများ - နားကြားမှုအ ထောက်အကူပြုကိရိယာများ၊ နှလုံးခုန်နှုန်းထိန်းကိရိယာများ၊ အီလက်ထရွန်နစ်လက်ပတ်နာရီများနှင့် ခွင့်ပြုချက်ရ ပြီး ပျံသန်းမှုအထောက်အကူပစ္စည်းကိရိယာများကို လေယာဉ်ပျံသန်းစဉ်ကာလအတွင်း အသုံးပြုခွင့်ပြုသည်။

လေယာဉ်ပေါ်မှအဖျော်ယမကာများ

အသက် ၁၈ နှစ်အောက်ခရီးသည်များအား အရက်ပါဝင်သည့်အဖျော်ယမကာများကို တည်ခင်းလိမ့်မည်မဟုတ်ပါ။ လေယာဉ်အဖွဲ့သားများသည် မူးယစ်နေပုံပေါ်သည့်ခရီးသည်အား အရက်တည်ခင်းခြင်းမပြုရန် ငြင်းဆန်ပိုင်ခွင့်ရှိ သည်။ လေယာဉ်ပေါ်တွင် ကိုယ်ပိုင်အရက်နှင့်ယမကာများသောက်သုံးခြင်းကို မည်သည့်အချိန်တွင်မဆို တားမြစ် သည်။

ဆေးလိပ်သောက်ခြင်း

Air KBZ လေကြောင်းခရီးစဉ်များအားလုံးတွင် ဆေးလိပ်သောက်ခြင်းကို ဥပဒေအရခွင့်ပြုထားခြင်းမရှိပေ။

ဤပြဌါန်းချက်စည်းမျဉ်းများသည် ခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ Air KBZ လေကြောင်းလိုင်း၏ လေကြောင်းပျံသန်းရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ Air KBZ လေယာဉ်အဖွဲ့သားများသည် လေယာဉ်၊ ခရီးသည်များနှင့် လေကြောင်းလိုင်း၏ပိုင်ဆိုင်မှုများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစေရေးအတွက် မြို့ပြလေကြောင်းဘုတ်အဖွဲ့မှ ချမှတ်ထားသော ဘေးအန္တရာယ်ကင်း ရှင်းရေးပြဌါန်းချက်များအတိုင်း တိကျစွာဖော်ဆောင်ထားသည့် အသေးစိတ်အစီအမံများကို လိုက်နာဆောင်ရွက် လျက်ရှိပါသည်။