Online ဖြင့် လက်မှတ်ဝယ်ယူပြီးနောက်တွင် ခရီးသည်အမည်ပြောင်းလဲနိုင်ပါသလား။

လက်မှတ်ထုတ်ပေးပြီးနောက် အမည်ပြောင်းလဲခြင်းကို ခွင့်ပြုပါသည်။ ပြန်အမ်းငွေကို သက်ဆိုင်ရာလက်မှတ်နှုန်းထား အခြေခံဖြင့် စီစဉ်ဆောင်ရွက်နိုင်ပါသည်။

ကလေးနှုန်းထားလက်မှတ်ကိုအသုံးပြုရန် မည်သူကအကျုံးဝင်ပါသလဲ။

အသက် ၂ နှစ်ပြည့်ပြီး ၁၂ နှစ် မပြည့်သေးသည့်ကလေးများသည် ကလေးနှုန်းထားလက်မှတ်ဖြင့် ခရီးသွားနိုင်ပါ သည်။

အခြားတစ်ယောက်အတွက်လက်မှတ်ဝယ်ယူရန် ကျွန်ုပ်၏အကြွေးဝယ်ခွင့်ကဒ်ကို အသုံးပြုနိုင်ပါသလား။

အဆိုပါပုဂ္ဂိုလ်သည် သင်နှင့်အတူ လေယာဉ်တစ်စီးတည်းပေါ်တွင် ခရီးသွားနေသမျှကာလပတ်လုံး ၎င်းအတွက် လက်မှတ်ဝယ်ယူရန် သင့်အကြွေးဝယ်ခွင့်ကဒ်ကို အသုံးပြုနိုင်ပါသည်။ အကယ်၍ အကြွေးဝယ်ခွင့်ကဒ်ပိုင်ရှင် သင့် အနေဖြင့် ခရီးသွားအဖွဲ့တွင် ပါဝင်မည်မဟုတ်ပါက သင်၏အကြွေးဝယ်ခွင့်ကဒ်ကို AIR KBZ သို့ တင်ပြရမည်ဖြစ် သည်။

ကျွန်ုပ်၏လေယာဉ်ခရီးစဉ်အတွက် အချိန်ဘယ်လောက်ဝေးဝေးကြိုတင်၍ စာရင်းပေးသွင်းနိုင်ပါသလဲ။

ကြိုတင်စာရင်းပေးသွင်းခြင်းကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၇ နာရီမှ ရက်ပေါင်း ၃၆၀ အထိ ကြိုတင်ပြုလုပ် နိုင်ပါသည်။ ကြိုတင်စာရင်းသွင်းမှု Booking လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ ကြိုတင်စာရင်းသွင်းမှုရည်ညွှန်း နံပါတ်၊ လက်မှတ်နံပါတ်တို့ကို စနစ် (System) မှ အလိုအလျောက်ဖော်ပြပေးမည်ဖြစ်သည်။

Online မှတဆင့် ဝယ်ယူထားသည့်လက်မှတ်ကို မည်သည့်နေရာတွင် ထုတ်ယူရရှိနိုင်မည်နည်း။

သင့်အနေဖြင့် ကြိုတင်စာရင်းပေးသွင်းမှုကိုဆောင်ရွက်အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် ကြိုတင်စာရင်းသွင်းမှု ရည်ညွှန်းနံပါတ်နှင့် လက်မှတ်နံပါတ်တို့ကို သင့်ဖုန်း၊ လက်တော့ပ်စသည် မျက်နှာပြင်တွင် ချက်ချင်းဖော်ပြပေးမည် (သို့မဟုတ်) နောက်ပိုင်းတွင် အဆိုပါအချက်အလက်များကို e-mail ဖြင့် ပို့ပေးမည်ဖြစ်သည်။

ကျွန်ုပ်၏လေယာဉ်လက်မှတ်တွင် ပြင်ဆင်ပြောင်းလဲမှုများ မည်သို့ဆောင်ရွက်နိုင်ပါသလဲ။

အီလက်ထရွန်နစ်လက်မှတ် (E-ticket) ကို ထုတ်ပေးပြီးသည်နှင့် တစ်ပြိုင်နက် သင့်လက်မှတ်၏အချက်အလက် အားလုံးကို ကျွန်ုပ်တို့၏အီလက်ထရွန်နစ်အချက်အလက်သိုမှီးရာဌာနတွင် ထိန်းသိမ်းထားရှိပြီးဖြစ်သည်။ လေဆိပ် တွင် လေယာဉ်တက်ရန်စာရင်းပေးသွင်းသည့်အခါ သင့်အနေဖြင့် သင်၏နိုင်ငံကူးလက်မှတ်၊ လက်မှတ်အတွက် ငွေပေးသွင်းရန်အသုံးပြုခဲ့သည့် အကြွေးဝယ်ခွင့်ကဒ်တို့ကို တင်ပြလိုက်ရုံဖြင့် လေယာဉ်လိုက်ပါစီးနင်းခွင့်ကဒ်ပြား ကို အလွယ်တကူရရှိနိုင်မည်ဖြစ်ပါသည်။

AIR KBZ Online Booking System မှ ဝယ်ယူထားသောလက်မှတ်တစ်စောင်ကို အသုံးပြုလျက် ခရီးစဉ်တွင်ပြင် ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းပြုလုပ်နိုင်ပါသလား။ အကယ်၍ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ပြင်ဆင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ခြင်းမရှိပဲ လိုက်ပါလိုသည့်လေယာဉ်ခရီးစဉ်တွင်မှ လေယာဉ်ကွင်းသို့ သွားရောက်ကာ လေယာဉ်တက်ရန်စာရင်းသွင်း check-in ဝင်သည့်အခါ (ပြင်ဆင်ပြောင်းလဲမှုအတွက်) တာဝန်ယူဆောင်ရွက် ပေးပါသလား။

သင့်အနေဖြင့် လိုက်ပါမည့်လေယာဉ်ခရီးစဉ်၊ ပျံသန်းမည့်ရက်စွဲ (သို့မဟုတ်) ဝန်ဆောင်မှုအဆင့်တို့ကို ပြင်ဆင် ပြောင်းလဲလိုပါက ဖြစ်နိုင်သမျှအဆောလျင်ဆုံး AIR KBZ ဖုန်း - (၀၁) ၉၆၇၀၀၀၇ သို့ ကျေးဇူးပြု၍ ဆက်သွယ် ဆောင်ရွက်ပါ။ ပြင်ဆင်ပြောင်းလဲမှုများကို ဝယ်ယူခဲ့သည့်လက်မှတ်အမျိုးအစားနှင့် နေရာရရှိနိုင်မှုအပေါ်မူတည် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ လက်မှတ်ဆိုင်ရာပြဌါန်းချက်များအရ မည်သည့်လက်မှတ်ပြင်ဆင်ပြောင်းလဲမှုမ ဆို ထပ်ဆောင်းစရိတ်စကတစ်ရပ်ရပ်ကို ပေးဆောင်ရန်လိုအပ်လိမ့်မည်ဖြစ်သည်။

Online မှ ကြိုတင်နေရာတောင်းခံမှုပြုလုပ်သည့်အခါ လေကြောင်းခရီးစဉ်တစ်ခုအတွက် စောင့်ဆိုင်းစာရင်းတွင် ပါဝင်နိုင်ပါသလား (သို့မဟုတ်) အပြန်ခရီးစဉ်ရက်စွဲ (ကန့်သတ်ရက်မထားပဲ) ချန်လှပ်ထားနိုင်ပါသလား။

သင့်ခရီးသွားရက်စွဲ (သို့မဟုတ်) ခရီးလမ်းကြောင်းတို့တွင် မည်သည့်ပြင်ဆင်ပြောင်းလဲမှုကိုမဆို သက်ဆိုင်ရာ လေယာဉ်ခနှုန်းထားဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရသည့်ပြင် နေရာရရှိနိုင်မှု အပေါ်တွင်လည်း မူတည်နေသည်။ ခရီးသည်များအနေဖြင့် လိုအပ်သောပြင်ဆင်/ ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့၏ လက်မှတ်အရောင်းရုံးခွဲများအနက်တစ်ခုခုသို့ ကြိုတင်၍ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ကြိုတင်ဆောင်ရွက်ထားခြင်းမရှိပါက ကြိုတင်နေရာတောင်းခံခြင်း Booking (သို့မဟုတ်) လေယာဉ်လက်မှတ် ကို လေဆိပ် check-in ကောင်တာတွင် လက်သင့်ခံဆောင်ရွက်ပေးလိမ့်မည်မဟုတ်ပါ။ ထို့ပြင် ခရီးသည်အနေဖြင့် မိမိသွားလိုသည့်ရက်နှင့် ခရီးစဉ်အတွက် လက်မှတ်အသစ်တစ်စောင်ဝယ်ယူရလိမ့်မည်ဖြစ်ပါသည်။

လေယာဉ်လက်မှတ်တစ်စောင်ကို Website ပေါ်တွင် ဝယ်ယူရန် ယုံကြည်စိတ်ချရပါသလား။

လေယာဉ်လက်မှတ်များထုတ်ပေးခြင်းအတွက် Booking စောင့်ဆိုင်းစာရင်းနှင့် ရက်သတ်မှတ်မှုမရှိသည့် ခရီးစဉ် များကို ခွင့်ပြုထားခြင်းမရှိပါ။ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏လက်မှတ်အရောင်းဌာန ဖုန်း - (၀၁) ၉၆၇၀၀၀၇ သို့ ဆက်သွယ်ပါ။

လေကြောင်းခရီးစဉ်အချိန်ဇယားတွင် ပြောင်းလဲမှုတစ်စုံတစ်ရာဖြစ်ပေါ်သည့်အခါ ဘာဖြစ်နိုင်ပါသလဲ။

ဟုတ်ကဲ့၊ ယုံကြည်စိတ်ချရပါသည်။ Website ပေါ်တွင် လေယာဉ်လက်မှတ်တစ်စောင်ဝယ်ယူရန် အကြွေးဝယ်ကဒ် အသေးစိတ်အချက်အလက်များကဲ့သို့ သတိထားရမည့်သတင်းစကားများကို သင်ရိုက်နှိပ်နေစဉ် (အင်တာနက်ပေါ်သို့ လုံခြုံစိတ်ချစွာပေးပို့ခြင်းမပြုမီကပင်) သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို လျှို့ဝှက်သင်္ကေ တ code များအဖြစ်သို့ အလိုအလျောက်ပြောင်းလဲပေးပြီးဖြစ်သည်။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ကို AIR KBZ အနေဖြင့် သင့်အားပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုပေးရာတွင် အထောက်အကူဖြစ်စေရန်သာ အသုံးပြုမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သင့်အချက်အလက်များကို သင်၏သဘောတူခွင့်ပြုချက်မရှိပဲ တတိယ အဖွဲ့အစည်းများထံသို့ ရောင်းချခြင်း (သို့မဟုတ်) ငှားရမ်းခြင်းပြုလုပ်လိမ့်မည်မဟုတ်ပါ။ အသေးစိတ်အချက် အလက်များအတွက် AIR KBZ Website မှ “သီးသန့်လွတ်လပ်မှုနှင့် လုံခြုံမှုဖော်ပြချက်” ကို လေ့လာကြည့်ရှုပါ။

လက်မှတ်သက်တမ်းကုန်ဆုံးနေကြောင်း မည်သို့သိနိုင်မည်နည်း။

လေယာဉ်လက်မှတ်တစ်စောင်ကို ထုတ်ပေးပြီးနောက် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် ခရီးသွားလာမှုဆိုင်ရာ အခြေအနေများ (သို့မဟုတ်) အခြားအကြောင်းအရာများကြောင့် ကျွန်ုပ်တို့အနေဖြင့် ခရီးစဉ်အချိန်ဇယားကို ပြောင်းလဲကောင်းပြောင်းလဲရမည်ဖြစ်သည်။ ခရီးစဉ်အချိန်ဇယားပြောင်းလဲခြင်း (သို့မဟုတ်) ခရီးစဉ်ပယ်ဖျက်ခြင်း စသည့် ဖြစ်ရပ်များတွင် သင့်ထံသို့ ဖုန်း (သို့မဟုတ်) e-mail ဖြင့် အသိပေးအကြောင်းကြားရန် ကြိုးပမ်းသွားမည်ဖြစ် ပါသည်။ သင့်လက်မှတ်အတွက် မလွဲမရှောင်သာလိုအပ်မည့်အပြောင်းအလဲများကို သင့်ထံအသိပေးရန် အတတ်နိုင် ဆုံးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အကယ်၍ အခြားရွေးချယ်စရာနည်းလမ်းများသည် အဆင်ပြေကိုက်ညီခြင်း မရှိပါက ၄၅ ရက်အတွင်း ပြန်အမ်းငွေအပြည့်အဝကို ထုတ်ပေးမည်ဖြစ်ပါသည်။

သက်တမ်းလွန်လက်မှတ်တစ်စောင်အတွက် ပြန်အမ်းငွေရရှိနိုင်ပါသလား။

ယေဘူယျအားဖြင့် လက်မှတ်၏မည်သည့်အစိတ်အပိုင်းကိုမျှ အသုံးပြုရခြင်းမရှိသေးပါက လက်မှတ်၏သက် တမ်း (တရားဝင်မှု) သည် လက်မှတ်ထုတ်ပေးသည့်ရက်မှ တစ်နှစ်ဖြစ်သည်။

လက်မှတ်တစ်စောင်အတွက် ပြန်အမ်းငွေမည်သို့တောင်းဆိုရမလဲ။

ပြန်အမ်းငွေထုတ်ပေးရန် တောင်းဆိုမှုတစ်ရပ်သည် လက်မှတ်သက်တမ်းကုန်ဆုံးခြင်းမရှိမီ တစ်နှစ်ထက် နောက်မကျသင့်ပါ။

ကျွန်ုပ်တို့အနေဖြင့် ခရီးသွားအေးဂျင့်တစ်ဦးနှင့် Booking အတည်ပြုချက်ပြုလုပ်ထားပြီး ဖြစ်ပါသည်။ အဆိုပါ Booking ကို အသုံးပြုလျက် AIR KBZ (သို့မဟုတ်) အခြားခရီးသွားအေးဂျင့်တစ်ဦးထံတွင် လက်မှတ်တစ်စောင် ဝယ်ယူနိုင်ပါသလား။

သင့်အနေဖြင့် သင့်လက်မှတ်ဝယ်ယူခဲ့ရာရုံးသို့ ဆက်သွယ်ရမည်ဖြစ်သည်။ E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

ကျွန်ုပ်တွင် အတည်ပြုထားပြီးလေယာဉ်လက်မှတ်ရှိနေသည့်တိုင်အောင် Booking ကို ပြင်ဆင်ရန် ဘာလုပ်သင့်ပါ သလဲ။

လေယာဉ်လက်မှတ်ထုတ်ပေးရေးအတွက် တတိယအဖွဲ့ (AIR KBZ သို့မဟုတ် အခြားအေးဂျင့်) ထံသို့ ကြိုတင်နေ ရာတောင်းခံထားမှုမှတ်တမ်း (Reservation record) ကို လွှဲပြောင်းထုတ်ပေးရန် မူရင်း Booking ပြုလုပ်ပေးခဲ့သည့် ခရီးသွားအေးဂျင့်အား သင့်အနေဖြင့် မေတ္တာရပ်ခံတောင်းဆိုရမည်ဖြစ်သည်။

အခြားလေကြောင်းလိုင်းအတွက် မူလကထုတ်ပေးခဲ့သည့်လက်မှတ်ကို အသုံးပြုလျက် AIR KBZ နှင့် လိုက်ပါ စီးနင်းနိုင်ပါသလား။

လေယာဉ်လက်မှတ်၏ သက်တမ်းရှိနေသမျှကာလပတ်လုံး Booking ပြင်ဆင်ခြင်းကို သင့်လက်မှတ်ဝယ်ယူခဲ့သည့် ရုံး (သို့မဟုတ်) AIR KBZ လက်မှတ်အရောင်းရုံးသို့ တိုက်ရိုက်ဆက်သွယ်ရုံမျှဖြင့် ခွင့်ပြုဆောင်ရွက်ပေးပါသည်။ E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

ပြန်အမ်းငွေလျှောက်ထားခြင်းကို Online မှ ဆောင်ရွက်နိုင်ပါသလား။

AIR KBZ သို့ ခရီးစဉ်ကူပွန်ကို အတည်ပြုထောက်ခံပေးရေးအတွက် လက်မှတ်ထုတ်ပေးခဲ့သည့်မူလလေကြောင်း လိုင်း (သို့မဟုတ်) သယ်ယူပို့ဆောင်မည့်လေကြောင်းလိုင်းသို့ ဆက်သွယ်ရန်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အကယ်၍ ထောက်ခံအတည်ပြုပေးခဲ့ပါက သင့်အနေဖြင့် လေယာဉ်ခချင်းခြားနားငွေကို ပေးဆောင်ရမည်ဖြစ်သည်။

ပြန်အမ်းငွေလျှောက်ထားမှုကို အရေးယူဆောင်ရွက်ရန် အချိန်မည်မျှကြာနိုင်ပါသလဲ။

ယခုအခါ မရနိုင်သေးပါ။ ကျေးဇူးပြု၍ AIR KBZ This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်ပါ။

ပြန်အမ်းငွေလုပ်ငန်းဆိုင်ရာအချက်အလက် - သင့်ထံသို့ ပြန်အမ်းငွေထုတ်ပေးနိုင်ရေးအတွက် ပြန်အမ်းငွေရရှိနိုင်ခွင့် ရှိသော လေယာဉ်လက်မှတ်များကို ပြန်ပို့ပေးနိုင်ရမည်ဖြစ်သည်။ ပြန်အမ်းငွေလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအ တွက် လေကြောင်းလိုင်း၏ဝန်ဆောင်ခတစ်ရပ်ကို ပေးဆောင်ရမည်ဖြစ်သည်။ လက်မှတ်ဌာနမှ သင့်အတွက် ပြန်အမ်းငွေထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်နေပါက သင်၏ငွေစာရင်းသို့ ပြန်အမ်းငွေလွှဲပြောင်းပေးနိုင်ရေးအ တွက် အများဆုံး ၄၅ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

ရင်ခွင်ပိုက်ကလေး” အတွက် လက်မှတ်မည်သို့ထုတ်ယူနိုင်မည်နည်း။

ပြန်အမ်းငွေလျှောက်ထားမှုအားလုံးသည် လက်မှတ်ထုတ်ပေးခဲ့သည့် လက်မှတ်ခနှုန်းထားဆိုင်ရာ စည်းမျဉ်းစည်း ကမ်း၊ ပြဌါန်းချက်များအပေါ်မူတည် ဆောင်ရွက်ပါသည်။ ထို့ပြင် သင်၏ပြန်အမ်းငွေထုတ်ယူခြင်းအပေါ် စရိတ်စက (သို့မဟုတ်) ဒဏ်ကြေးများတောင်းခံမည်ဖြစ်သည်။ ပြန်အမ်းငွေကိစ္စဆောင်ရွက်သည့်အချန်တွင် သင်၏ခရီးစဉ်ကို ပယ်ဖျက်လိမ့်မည်ဖြစ်သည်။ ငွေသား (သို့မဟုတ်) အေးဂျင့်ဝယ်ယူမှုများအတွက် ယေဘူယျအားဖြင့် ပြန်အမ်းငွေ ချက်လက်မှတ်များကို ပြန်အမ်းငွေကိစ္စဆောင်ရွက်သည့်ရက်မှ တစ်လအတွင်းထုတ်ပေးသည်။

ထုတ်ပြန်ထားသည့် တာဝန်မရှိကြောင်းငြင်းဆန်ပိုင်ခွင့်များနှင့် မမျှော်မှန်းနိုင်သည့်ဘေးအန္တရာယ်များ ကာကွယ် တားဆီးရေးဆိုင်ရာ လိုအပ်ချက်များ။

Online မှတဆင့် ရင်ခွင်ပိုက်ကလေးများအတွက် Booking ကို လက်မခံပါ။ လေဆိပ်တွင် လေယာဉ်တက်ရန် စာရင်းပေးသွင်းသည့်အခါ ရင်ခွင်ပိုက်ကလေးအတွက်လက်မှတ်ကို ကောင်တာတွင်ဝယ်ယူပါ။