၁။ လေယာဉ်လက်မှတ်များသည် Air KBZ အတွက်သာ တရားဝင်ပြီး လွှဲပြောင်းခွင့်မရှိပါ။

၂။ ရောင်းချသည့်လက်မှတ်ခများသည် လေယာဉ်စီးနင်းခ၊ ဆီဖိုးထပ်ဆောင်းကောက်ခံငွေ၊ အာမခံနှင့်လုံခြုံရေး ဝန်ဆောင်ခနှင့် လေဆိပ်ခွန်တို့နှင့် ညီမျှသည်။

၃။ ကလေးလက်မှတ်ခသည် သက်ဆိုင်ရာအရွယ်ရောက်ပြီးသူလက်မှတ်ခ၏ ၇၅ ရာခိုင်နှုန်း၊ ဆီဖိုးထပ်ဆောင်း ကောက်ခံငွေ၊ အာမခံနှင့်လုံခြုံရေး ဝန်ဆောင်ခနှင့် လေဆိပ်ခွန်တို့နှင့် ညီမျှသည်။

၄။ နိုင်ငံခြားသားခရီးသည်များအတွက် ရင်ခွင်ပိုက်ကလေးလက်မှတ်ခသည် လေယာဉ်စီးနင်းခ အမေရိကန်ဒေါ် လာ ၅ ဒေါ်လာနှင့် မည်သည့်ခရီးစဉ်အတွက်မဆို ဆီဖိုးထပ်ဆောင်းကောက်ခံငွေ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ကောက်ခံမည်ဖြစ်ပြီး အဆိုပါကောက်ခံငွေသည် အေးဂျင့်ကော်မရှင်ခနှင့် သက်ဆိုင်ခြင်းမရှိသည့်ပြင် ပြန်အမ်းငွေ ထုတ်ယူခွင့်မရှိပေ။

၅။ ပြည်တွင်းခရီးသည်များအတွက် ရင်ခွင်ပိုက်ကလေးလက်မှတ်ခသည် လေယာဉ်စီးနင်းခ အမေရိကန်ဒေါ် လာ ၂ ဒေါ်လာနှင့် မည်သည့်ခရီးစဉ်အတွက်မဆို ဆီဖိုးထပ်ဆောင်းကောက်ခံငွေ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ကောက်ခံ မည်ဖြစ်ပြီး အဆိုပါကောက်ခံငွေသည် အေးဂျင့်ကော်မရှင်ခနှင့် သက်ဆိုင်ခြင်းမရှိသည့်ပြင် ပြန်အမ်းငွေထုတ် ယူခွင့်မရှိပေ။

၆။ ကလေးမှာ အသက် ၂ နှစ်မှ ၁၂ နှစ်အကြား အသက်အရွယ်ရှိသူဖြစ်ရမည်။

၇။ ရင်ခွင်ပိုက်ကလေးမှာ အသက် ၂ နှစ်အောက်ဖြစ်ရမည်။

၈။ ရင်ခွင်ပိုက်ကလေးလက်မှတ်ခသည် ထိုင်ခုံနေရာမရရှိပေ။ အကယ်၍ ရင်ခွင်ပိုက်ကလေးကို ထိုင်ခုံနေရာတွင် ထားရှိလိုပါက အဆိုပါရင်ခွင်ပိုက်ကလေးအတွက် ကလေးလက်မှတ်ခပေးရန် လိုအပ်မည်ဖြစ်သည်။

၉။ ဆီဖိုးထပ်ဆောင်းကောက်ခံမှုသည် လေကြောင်းဆီဈေးနှုန်းအပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

၁၀။ အရွယ်ရောက်ပြီးသူများနှင့် ကလေးခရီးသည်များသည် ပြည်တွင်းထွက်ခွာမှုလေဆိပ်ခွန်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် ညောင်ဦးလေဆိပ်များတွင် မြန်မာကျပ်ငွေ ၃,၀၀၀ နှင့် ကျန်ပြည်တွင်းလေဆိပ်များတွင် မြန်မာကျပ်ငွေ ၁,၀၀၀ (သို့မဟုတ်) အထက်ပါ မြန်မာကျပ်ငွေများနှင့် တန်ဖိုးညီမျှသော (ငွေလဲလှယ်နှုန်း) စနစ်တွင်ဖော်ပြထားသည့် အမေရိကန်ဒေါ်လာ ပေးသွင်းရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါလေဆိပ်ခွန်များကို လက်မှတ်ထုတ်ပေးချိန်တွင် ကောက်ခံသွားမည်ဖြစ်သည်။

၁၁။ သက်တမ်းကုန်ဆုံးနေသည့် (တရားမဝင်) လက်မှတ်များကို ခွင့်မပြုပါ။

ပြန်အမ်းငွေထုတ်ပေးခြင်း

၁။ ပြန်အမ်းငွေကို လက်မှတ်သက်တမ်းနှင့်အညီ သက်ဆိုင်ရာလက်မှတ်ထုတ်ပေးသည့်ရုံးများတွင် စီစဉ်ဆောင်ရွက် နိုင်သည်။ V, P နှင့် I Class များမှလွဲ၍ ကျန်လက်မှတ်များအပေါ် ဝယ်ယူသည့်လက်မှတ်တန်ဖိုး ၇၅ ရာခိုင်နှုန်းနှင့် သက်ဆိုင်ရာအခွန်အခများကို ပြန်အမ်းပေးမည်ဖြစ်သည်။

၂။ V, P နှင့် I Class လက်မှတ်များအတွက် ဝယ်ယူသည့်လက်မှတ်တန်ဖိုး ၅၀ ရာခိုင်နှုန်းနှင့် သက်ဆိုင်ရာအခွန်အခ များကို ပြန်အမ်းပေးမည်ဖြစ်သည်။

၃။ WRT, BRT, HRT, NRT နှင့် QRT အသွား၊အပြန်လေယာဉ်လက်မှတ်ခများမှာ လက်မှတ်သက်တမ်းကာလအတွင်း ပြန်အမ်းငွေထုတ်ပေးမည်ဖြစ်သည်။ အသွား၊အပြန်ခရီးလက်မှတ်တွင် တစ်ကြောင်းစာလက်မှတ်ကို အသုံးပြုထား ပါက အသုံးမပြုရသေးသည့်လက်မှတ်အတွက် ကျန်သည့်တစ်ကြောင်းစာလေယာဉ်လက်မှတ်ခ၏ ၂၅ ရာခိုင်နှုန်းကို ပြန်အမ်းငွေဝန်ဆောင်ခအဖြစ်ထုတ်နုတ်လျက် သက်ဆိုင်ရာအခွန်အခများနှင့်အတူ ပြန်အမ်းငွေထုတ်ပေးနိုင်သည် (ခရီးသွားကာလမဟုတ်သည့် မိုးရာသီအချိန်တွင်သာ ရရှိနိုင်သည်)။

၄။ VRT, PRT နှင့် IRT အသွား၊အပြန်လေယာဉ်လက်မှတ်ခများမှာ လက်မှတ်သက်တမ်းကာလအတွင်း ပြန်အမ်းငွေ ထုတ်ပေးမည်ဖြစ်သည်။ အသွား၊အပြန်ခရီးလက်မှတ်တွင် တစ်ကြောင်းစာလက်မှတ်ကို အသုံးပြုထားပါက အသုံး မပြုရသေးသည့်လက်မှတ်အတွက် ကျန်သည့်တစ်ကြောင်းစာလေယာဉ်လက်မှတ်ခ၏ ၅၀ ရာခိုင်နှုန်းကို ပြန်အမ်း ငွေဝန်ဆောင်ခအဖြစ်ထုတ်နုတ်လျက် သက်ဆိုင်ရာအခွန်အခများနှင့်အတူ ပြန်အမ်းငွေထုတ်ပေးနိုင်သည် (ခရီးသွား ကာလမဟုတ်သည့် မိုးရာသီအချိန်တွင်သာ ရရှိနိုင်သည်)။

ခရီးသည်အမည်ပြောင်းလဲခြင်း

ခရီးသည်အမည်ပြောင်းလဲခြင်းကို အောက်ပါဝန်ဆောင်ခများဖြင့် ခွင့်ပြုသည် -

၁။ W, B, H နှင့် V Class ခရီးသည်တစ်ဦး/ PNR တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၅။

၂။ N နှင့် Q Class လက်မှတ်နှုန်းထား ခရီးသည်တစ်ဦး/ PNR တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၁၀။

၃။ P နှင့် I Class လက်မှတ်နှုန်းထား ခရီးသည်တစ်ဦး/ PNR တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၀။

၄။ မည်သည့် Booking Class တွင်မဆို စာလုံးပေါင်းမှားယွင်းခြင်းအတွက် အမေရိကန်ဒေါ်လာ ၁၀။

၅။ ခရီးသည်အုပ်စု အခမဲ့ (FOC) လက်မှတ်များအတွက် အမည်ပြောင်းလဲခြင်းခွင့်မပြုပါ။

ခရီးစဉ်ပယ်ဖျက်ခြင်း / ခရီးသွားရက်ပြောင်းလဲခြင်း

၁။ W နှင့် N Class များမှလွဲ၍ လေကြောင်းခရီးစဉ်မတိုင်မီ ၂၄ နာရီအောက်လျော့၍ ခရီးစဉ်ပယ်ဖျက်ခြင်း ပြုလုပ်ပါက ခရီးစဉ်ပယ်ဖျက်ခ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကောက်ခံမည်ဖြစ်သည်။

၂။ W နှင့် N Class များမှလွဲ၍ Class အားလုံးအတွက် အချိန်မီလာရောက်ရန်ပျက်ကွက်ခြင်း (No Show) ဖြစ်ပေါ်ပါ က ပျက်ကွက်ကြေး အမေရိကန်ဒေါ်လာ ၁၀ ကို ကောက်ခံမည်ဖြစ်သည်။

၃။ ခရီးသည်အုပ်စု GV 10 နှင့် GV 15 အတွက် လက်မှတ်ထုတ်ပေးပြီးနောက် ခရီးစဉ်ပယ်ဖျက်ခြင်းပြုလုပ်ပါက ဒဏ်ကြေးအဖြစ် လက်မှတ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ကောက်ခံမည်ဖြစ်ပြီး စီမံစရိတ်အဖြစ် လက်မှတ်တစ်စောင် လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကောက်ခံမည်ဖြစ်သည်။

၄။ အထူးနှုန်းထား Class များဖြစ်သည့် V နှင့် I အတွက် ခရီးသွားရက်ပြောင်းလဲခြင်းနှင့် ခရီးစဉ်ပြောင်းလဲခြင်းကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၄၈ နာရီကြိုတင်၍ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနှင့် သင့်လျော်ရာလေယာဉ်ခနှုန်း ကွာခြားချက်ပေးသွင်းလျက် ပြောင်းလဲခွင့်ပြုသည်။

လက်မှတ်ထုတ်ယူချိန်ကန့်သတ်ချက်

လေယာဉ်လက်မှတ်/ နေရာကြိုတင်တောင်းခံမှု အချိန်ကာလနှင့် Booking အဆင့်အတန်းပေါ်မူတည်၍ ခရီးသည် အမည်မှတ်တမ်း (PNR) တွင် လက်မှတ်ထုတ်ယူရမည့်အချိန် (ကန့်သတ်ချက်) ကို ဖော်ပြထားမည်ဖြစ်သည်။