ကျွန်ုပ်တို့အကြောင်း

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ လမ်းညွှန်ချက်အရ အဲကမ္ဘောဇ တနည်းအားဖြင့် AIR KBZ ဟု သိကြသည့် လေကြောင်းလိုင်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဤဖွဲ့စည်းတည်ထောင်မှု၏ ရည်ရွယ်ချက်မှာ လက်ရှိပျံသန်းပြေးဆွဲနေသောလေကြောင်းလိုင်းများကို အထောက်အကူပြုပေးရန်နှင့် မြန်မာနိုင်ငံ အတွင်း တိုးတက်လာသော လေကြောင်းခရီးသွားလာမှုလိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ရန်ဖြစ်သည်။ လေကြောင်း လိုင်း၏ ပထမဆုံးခရီးသည်တင်လေကြောင်းခရီးစဉ်ကို ၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ အဆိုပါနေ့ တွင်ပင် AIR KBZ အနေဖြင့် စုစုပေါင်းနေရာဒေသ ၁၅ ခုသို့ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ဖွင့်ဟထုတ် ဖော်ခဲ့သည်။ ကနဦးအဆင့်ကာလအတွင်း ပျံသန်းပြေးဆွဲခဲ့သည့်နေရာများတွင် ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုးနှင့် မြိတ်တို့ပါဝင်ကြသည်။ တန်ဖိုးထားလေးစားရသည့်ခရီးသည်များ၏ တူညီအားပေးမှု၊ ကိုယ်ရော စိတ်ပါနှစ်မြုပ်လျက် အားတက်သရောဆောင်ရွက်ကြသည့် ဝန်ထမ်းများ၏ ကြိုးပမ်းမှုတို့ဖြင့် ယခုဆိုလျှင် လေကြောင်းလိုင်းသည် ၎င်း၏ပျံသန်းမှုကို နေပြည်တော်၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ တာချီလိတ်၊ လွိုင်ကော်၊ ထားဝယ်၊ ကော့သောင်း၊ သံတွဲနှင့် စစ်တွေမြို့များသို့ တိုးချဲ့ပျံသန်းပြေးဆွဲပေးနေပြီဖြစ်သည်။ AIR KBZ အနေဖြင့် မဝေးတော့သည့် အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးအချက်အချာဒေသအားလုံးကို လွှမ်းခြုံလျက် နေရာဒေသ ၂၀ ကျော် ပျံသန်းပြေးဆွဲပေးရန် ရည်မှန်းထားရှိသည်။

လေကြောင်းပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရေးအတွက် ကြိုးစားအားထုတ်လျက်ရှိသည့် မိမိတို့လေကြောင်းလိုင်း၏ ကတိကဝတ်နှင့်အညီ အဲကမ္ဘောဇ "Air KBZ" လေကြောင်းလိုင်း၏ ခရီးလမ်းကြောင်းတစ်လျှောက်တွင် အထင်ကရပြောင်းလဲခဲ့သည့် မှတ်တိုင်တစ်ခုကို မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၀၆ ရက်နေ့မှစတင်၍ အဲကမ္ဘောဇ "Air KBZ" လေကြောင်းလိုင်းအား မင်္ဂလာ Mingalar Aviation Services Co., Ltd. ("Mingalar") လေကြောင်းပို့ဆောင်ရေးလုပ်ငန်းအဖြစ် အမည်သစ်ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။ Mingalar အဖြစ် အခန်းကဏ္ဍသစ်တစ်ခုကို စတင်လျှောက်လှမ်းရာတွင်လည်း ခရီးသည်များ၏ ပံ့ပိုးအားပေးမှုများကို မျှော်မှန်းလျက်ရှိပါကြောင်းနှင့် လေကြောင်းလုပ်ငန်းကဏ္ဍအတွင်း ယခင်ထက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ကျွန်ုပ်တို့၏မျှော်မှန်းချက်

မြန်မာနိုင်ငံတွင် ထင်ပေါ်ကျော်ကြားဆုံး ခရီးသည်တင်လေကြောင်းလိုင်း ဖြစ်လာစေရန်

ကျွန်ုပ်တို့၏တာဝန်

ဝန်ထမ်းများ၏အရည်အသွေးကို ပိုမိုတိုးတက်မြင့်မားစေခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှု၊ သက်တောင့် သက်သာရှိမှု၊ ယှဉ်ကျေးပျူငှာဧည့်ဝတ်ကြေပွန်မှုတို့ဖြင့် အထူးကောင်းမွန်သည့်ခရီးသည်ဝန်ဆောင်မှုကို ပေးအပ် ကာ လုပ်ငန်းကဏ္ဍ၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရန်

Mingalar ၏ ဝန်ဆောင်မှုဆိုင်ရာအယူအဆ

Mingalar သည် သာလွန်ကောင်းမွန်သောဝန်ဆောင်မှု တန်ဖိုးတစ်ရပ်ကို ဖန်တီးဖြစ်ပေါ်စေရေးအတွက် ၎င်း၏အား ပေးနေကြသည့် ခရီးသည်များနှင့်အတူ တက်တက်ကြွကြွအပြန်အလှန်အကျိုးပြုသွားရန် ရည်ရွယ်ထားပါသည်။ သို့ဖြစ်၍ Mingalar သည် “ဝန်ဆောင်မှု-အကျိုးအမြတ်ကွင်းဆက်” ယှဉ်ကျေးမှုအလေ့အထတစ်ရပ်ကို ထူထောင် ခြင်းဖြင့် မိမိဝန်ထမ်းများနှင့် ဖောက်သည်ခရီးသည်များ နှစ်ဖက်လုံးအပေါ် အာရုံစိုက်အလေးထားသွားမည်ဖြစ် သည်။ “ဝန်ဆောင်မှု-အကျိုးအမြတ်ကွင်းဆက်” ယှဉ်ကျေးမှုမှာ အောက်ပါတို့ကို ရည်မှန်းထားရှိပါသည်။

  • ကုမ္မဏီအတွင်း လုပ်ငန်းအရည်အသွေးတိုးတက်မြှင့်တင်ပေးရန်
  • အလွန်ကောင်းမွန်ထူးကဲသောဝန်ဆောင်မှုတန်ဖိုး ထွက်ပေါ်လာစေရန်
  • အားပေးနေကြခရီးသည်များ၏သစ္စာရှိမှုကို ခိုင်မြဲသေချာစေရန်
  • လုပ်ငန်းကြီးပွားတိုးတက်မှုအတွက် သင့်တင့်ကောင်းမွန်သောဝန်းကျင်ရေခံမြေခံကောင်းတစ်ရပ် ဖန်တီး ပေးရန်